| Page: ../ 1 |
| မြန်မာနိုင်ငံမှ မျိုးစေ့များတင်သွင်းလို |
|
ကူဝိတ်နိုင်ငံရှိ ကူဝိတ်-အင်ဒို ထရေးဒင်းကုမ္ပဏီ လီမီတက်အနေဖြင့် မြန်မာနိုင်ငံမှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့များ ၀ယ်ယူလို ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေး ၀န်ကြီးဌာန၊ ပြည်တွင်း ပြည်ပဈေးကွက် သတင်းအချက်အလက်နှင့် သုတေသနဌာနသို့ မေးမြန်း စုံစမ်းလာပါသဖြင့် မြန်မာ့လုပ်ငန်းရှင်များ ဆက်သွယ်ဆောင်ရွက်နိုင်ရန် အဆိုပါကုမ္ပဏီ၏ လိပ်စာကိုဖော်ပြပေးလိုက်ပါသည် - |
| ဟောင်ကောင်မှ နှမ်းဖြူ နှင့် နှမ်းနက်ဝယ်လို |
|
မြန်မာနိုင်ငံက နှမ်းနက်၊ နှမ်းဖြူတို့ကို ဟောင်ကောင်ရှိ ကုမ္ပဏီတစ်ခုက ၀ယ်ယူလိုကြောင်း ကမ်းလှမ်းလာပါသည်။ နှမ်းနက်၊ နှမ်းဖြူရောင်းလိုသည့် မြန်မာကုမ္ပဏီများအနေဖြင့် တယ်လီဖုန်းနံပါတ် – ၃၇၆၄၁၆၊ ၃၇၆၄၉၀ သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။ |
| ကိုရီးယားသမ္မတနိုင်ငံမှ ဂုံနီနှင့် ၀ါစေ့များ ၀ယ်ယူလို |
|
ကိုရီးယာသမ္မတနိုင်ငံရှိ ENTROL Co., Ltd က ကမ္ဘာ့နိုင်ငံများမှ လယ်ယာထွက်ကုန် များကို ၀ယ်ယူလျက်ရှိပြီး ယခုအခါ မြန်မာနိုင်ငံမှ ဂုံနီထည်(Jute Cloth)၊ ဂုံနီကြိုး(Jute Rope)၊ ၀ါစေ့(Cottonseed)၊ ၀ါစေ့ကြိတ်ဖတ်(Cottonseed Cake) များကို ၀ယ်ယူလိုကြောင်း သိရှိရပါသည်။စိတ်ပါဝင်စားသည့် မြန်မာလုပ်ငန်းရှင်များသည် အောက်ဖော်ပြပါ လိပ်စာသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သတင်းရရှိသည်။ Mr. J.H Woo Managing Director ENTROL Co., Ltd. Exporter, Importer & Manufacturer 157-3, Gunja-dong, Kwangjin-gu, Soul 143-839, Korea e-mail: aglink@daum.net, Jhwoo33@kornet.net Mobile phone: +82-11-9144-6052 Tel:+82-2-469-3229 Fax:+82-2-499-0377 |
| မြန်မာ့အမျိုးသားဝတ်လုံချည်များဝယ်ယူလိုကြောင်းစုံစမ်းလာ |
|
မြန်မာနိုင်ငံကအရည်အသွေးကောင်းပြီး၊ အဆင်အမျိုးမျိုးစုံလင်တဲ့ ကျားဝတ်လုံချည်တွေကို ၀ယ်ယူတင်သွင်းလိုကြောင်း၊ သိရိလင်္ကာမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကိုစုံစမ်းလာပါတယ်။ ဒါကြောင့် စိတ်ဝင်စားတဲ့ မြန်မာ့ လုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဈေးကွက်သတင်းအချက်အလက်နှင့် သုတေသနဌာန - MIRT (ရန်ကုန်) ဖုံးအမှတ် (၀၁) ၃၇၆၄၁၆၊ (၀၁) ၃၇၆၄၉၀၊ (၀၁) ၂၅၀၈၇၁တို့ကိုစုံစမ်းနိုင်ပါတယ်။ |
| အိန္ဒိယနိုင်ငံကုမ္ပဏီများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်လိုသော မြန်မာကုမ္ပဏီများအတွက်သတင်းကောင်း |
|
၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အိန္ဒိယနိုင်ငံ၊ ကော်လကတ္တားမြို့ရှိ ပုဂ္ဂလိကကုမ္ပဏီလိမိတက် (၂)ခုကမြန် မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံလိုကြောင်း၊ အိန္ဒိယနိုင်ငံရှိ မြန်မာကောင်စစ်ဝန်ချုပ်မှ တစ်ဆင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေ၀န်ကြီးဌာနသို့ ဆက်သွယ်ကမ်းလှမ်းခဲ့သည်။ အဆိုပါ ကုမ္ပဏီ (၂)ခုအ နက် တစ်ခုဖြစ်သော Aska Investments Pvt.Ltd မှာ ကုန်းလမ်းပို့ဆောင်ရေးနှင့် အိမ် ၊ခြံ ၊မြေ စီးပွားရေးလုပ်ငန်း ( Road Transport and Real Estate Business ) ကိုလုပ်ကိုင်နေသော ပုဂ္ဂလိက ကုမ္ပဏီလီမီတက်ဖြစ်ပြီး မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံလိုပါကြောင်း၊ Road Transport and Real Estate Business လုပ်ငန်းကို အဓိကလုပ်ကိုင်သော ကုမ္ပဏီဖြစ်သော်လည်း၊ မြန်မာနိုင်ငံရှိ အခြားစီးပွား ရေးနယ်ပယ် များတွင်လည်း၊ ပူးပေါင်းဆောင်ရွက်လိုပါကြောင်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် စီးပွားရေးလုပ်ငန်းနှင့် ပက်သက်သော အသေးစိတ်သတင်းအချက်အလက်တို့ကို သိရှိလိုပါကြောင်း၊ ဆက်သွယ် ကမ်းလှမ်းခဲ့သည်။ ဒုတိယကုမ္ပဏီတစ်ခုမှာ Mironda Trade & Commerce Pvt Ltd. ဖြစ်ပြီး မြန်မာနိုင်ငံတွင်ရှိသော Steam Coal နှင့် Cooking Coal များကိုဝယ်ယူတင်သွင်းလိုပြီး မြန်မာနိုင်ငံနှင့် စတီးလ်ပစ္စည်း ကုန်ချောများကို ကုန်သွယ်မှု ပြုလိုပါကြောင်း ကမ်းလှမ်းလာပါသည်။ အဆိုပါ ကုမ္ပဏီများနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်လိုသော မြန်မာ နိုင်ငံရှိစီးပွားရေးလုပ်ငန်းများနှင့် ကုမ္ပဏီများအနေ ဖြင့် အသေးစိတ်သတင်း အချက်အလက်များကို သိရှိလိုပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ဈေးကွက်သတင်းအချက်အလက်နှင့် သုတေသနဌာန (ရန်ကုန်ရုံးခွဲ) သို့ ဆက်သွယ်နိုင်ကြောင်းသတင်းဆောင်းပါးဖိတ်ခေါ်ပါသည်။ |
| မြန်မာ့ထင်းရှုးမှိုကို တောင်ကိုရီးယားကုမ္ပဏီတစ်ခုမှ ၀ယ်ယူလိုကြောင်း ကမ်းလှမ်းလာ |
|
မြန်မာနိုင်ငံက ထင်းရှုးမှို (Pine Mushroom) ကို ၀ယ်ယူလိုတယ်လို့ တောင်ကိုရီးယားနိုင်ငံက Dae Hyun Heung San Co., ရဲ့ဥက� ဋ္ဌ Mr.Oh Myung-Jin က တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဆက်သွယ်ကမ်းလှမ်း လာကြောင်း ကောမတ်စ်ကသတင်းရရှိပါတယ်။ Mr.Oh Myung-Jin က သူ့အနေနဲ့ ၂၀၀၇ ခုနှစ် မေလထဲမှာ မြန်မာ နိုင်ငံကို ထင်းရှုးမှိုဝယ်ယူရေး ကိစ္စအတွက် လာရောက်မှာဖြစ်တဲ့အတွက် မြန်မာထင်းရှုးမှိုနဲ့ပတ်သက်ပြီး၊ ခူးဆွတ်နိုင်တဲ့ အချိန်၊ တစ်လအတွက် ပျမ်းမျှအထွက်နှုန်း၊ အရွယ်အစားနဲ့အရည်အသွေးအရ ဈေးနှုန်းအခြေအနေ တွေကို ကြိုတင် သိရှိလိုတယ်လို့ ဆိုပါတယ်။ |
| ကြက်ဆူစေ့များ နယ်စပ်နိုင်ငံများသို့ တင်ပို့ရ၍ ဈေးကောင်းရနေ |
|
ဧပြီလလယ်ပိုင်းတွင် လွိုင်ကော်ဈေးကွက်သို့ လောပိတ၊ မထောခူ၊ ကုန်းသာ၊ လွိုင်လင်လေးစသည့် ကျေးရွာများမှ ကြက်ဆူစေ့အကြားများ ၀င်ရောက်မှုပိုမိုလာကြောင်း တွေ့ရှိရပါသည်။ ယခင်မတ်လစတုတ္ထပတ် ၌ ကြက်ဆူစေ့ တစ်ပိဿာလျှင် ၅၂၀ ကျပ်ဈေးရှိရာမှ ယခုဧပြီလပထမပတ်တွင် ၅၇၀ ကျပ်အထိဈေးရရှိလာသဖြင့် မြို့ပေါ်ပွဲရုံများသို့လာရောက် ရောင်းချမှု ပိုမိုလာခြင်းဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်၊ ဆီဆိုင်ဘက်မှလည်း ၀င်ရောက်မှု ရှိကြောင်း သိရှိရပါသည်။ မန္တလေးဘက်မှ ဆွဲအားပေါ်မူတည်၍ ဈေးအတက်အကျရှိပြီး၊ ယခုကြက်ဆူစေ့ဈေးနှုန်းမှာ မြင့်တက်လာသော်လည်း ယခင်နှစ်အမြင့်ဆုံးဈေးကို မမီသေးကြောင်း မြို့ပေါ်ပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိ ရပါသည်။ ယနေ့မန္တလေးဈေးကွက်၌ ကြက်ဆူစေ့အကြား တစ်ပိဿာလျှင် ၆၄၀ ကျပ်ခန့်ရှိနေပြီး လွိုင်ကော်မှ မန္တလေးသို့ ကြက်ဆူစေ့သယ်ယူပို့ဆောင်ခမှာ တစ်ပိဿာလျှင် ၃၅ ကျပ်ဈေးရှိကြောင်းနှင့် တစ်ပတ်လျှင် (၁၀) ဘီးကားတစ်စီးစာခန့် တင်ပို့မှုရှိနေကြောင်း လေ့လာသိရှိရပါသည်။ |
| Tapioca Chips |
|
Terms of Conditioned: Origin: Myanmar
Mr. Michael Law |
| ရောင်းလိုဝယ်လိုသော ကုန်ပစ္စည်းများ |
|
ကိုရီးယားနိုင်ငံINTERNATIONAL COMMERCIAL CORPORATION Co., Ltd. က အောက်ဖော်ပြပါ ရေထွက်ပစ္စည်းများ ၀ယ်ယူရန် စိတ်ဝင်စားကြောင်း ကိုရီးယားနိုင်ငံ မြန်မာသံရုံးကတဆင့် စုံစမ်းလာပါသည်။ ထို့ကြောင့် INTERNATIONAL COMMERCIAL CORPORATION Co., Ltd. နှင့်အရောင်းအ၀ယ်ပြုလုပ်လိုသူများ ဆက်သွယ်စုံစမ်းနိုင်ရန် လိပ်စာကို ဖော်ပြပေးလိုက်ပါသည်-
လိပ်စာ INTERNATIONAL COMMERCIAL CORPORATION No.1416, SAMKOO BLDG 16-49, HANGANGRO 3-GA YONGSAN-GU, SEOUL KOREA TEL : 82-2-715-1987,8 FAX : 82-2-718-3023 E-mail : icc777@kornct.net ၀ယ်လိုသောရေထွက်ပစ္စည်း (1) Live wild Fresh Water Eel (Big Size) Scientific Name : Anguilla Rostrata or other species Size : 600g up/pcs Spec : Pointed Norse, Not Flat Head Color : Sally Color : Yellow Body color : Green or Light brown (2) Live wild or Cultured Fresh Water Eels (Small Size) Scientific Name : Anything will do Size : 3pos ~ 5pos/Kg (220g ~ 330g/pcs) Spec: Pointed Norse, Not Flat Head Color: Anything will do (3) Soft sheil turtle (Trionyx Sinensis) Scientific Name : Trionyx Sinensis Sizes : 600g ~ 800g/pcs, 800g ~ 1Kg/pcs, 1Kg ~ 1.5Kg/pcs, 1.5Kg ~ 2Kg/pcs, 2Kg up/pcs |

